March 2018

Retail Congress Asia Pacific Woman of the Year Award

11-10-2017

Retail Congress Asia Pacific Woman of the Year Award

Retail Congress Asia Pacific Woman of the Year ဆုကို မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၏ ဥက္ကဌ ဒေါ်ဝင်းဝင်းတင့် မှ လက်ခံရရှိသည့် အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

အလုပ်သမားခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်များ ချုပ်ဆိုနိုင်ရေးနှင့်ပတ်သက်၍တွေ့ဆုံ ဆွေးနွေးကြစဉ် ...

13-10-2017

အလုပ်သမားခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်များ ချုပ်ဆိုနိုင်ရေးနှင့်ပတ်သက်၍တွေ့ဆုံ ဆွေးနွေးကြစဉ် ...

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမိန့်ကြေငြာစာအမှတ် (၁၄၀/၂၀၁၇) ဖြင့် ၂၀၁၇ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့တွင်ထုတ်ပြန်ခဲ့သော အလုပ်သမားခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် (Employment Contract - EC)များ ချုပ်ဆိုနိုင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ အသင်းဝင်လုပ်ငန်းများမှ HR Seniors များ စုစည်း၍ စာချုပ်များ ပုံစံတကျတစ်ပြေးညီဆောင်ရွက်နိုင်ရေး UMFCCI Building - 7th Flr, MMRA ရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

လက်လီစီးပွားရေးသင်တန်းများ သင်တန်းဆင်းပွဲနှင့် ဆရာဖြစ်လက်မှတ်ပေးအပ်ပွဲအခန်းအနား

25-10-2017

လက်လီစီးပွားရေးသင်တန်းများ သင်တန်းဆင်းပွဲနှင့် ဆရာဖြစ်လက်မှတ်ပေးအပ်ပွဲအခန်းအနား

ကိုကာကိုလာမှ ကမကထပြုလုပ်ဆောင်ရွက်သော လက်လီစီးပွားရေးသင်တန်းများ သင်တန်းဆင်းပွဲနှင့် ဆရာဖြစ်လက်မှတ်ပေးအပ်ပွဲအခန်းအနားကို အောက်တိုဘာလ (၂၅)ရက် ယနေ့နံနက်က UMFCCI မင်္ဂလာခန်းမတွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှတာဝန်ရှိသူများအပါအဝင် မိတ်ဘက်အဖွဲ့အစည်းများ ဆရာဖြစ်လက်မှတ်ရရှိသူ သင်တန်းဆရာများ သင်တန်းသူ သင်တန်းသားများတက်ရောက်ခဲ့ကြပါသည် ...

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း အလုပ်ရုံဆွေးနွေးပွဲ

12-11-2017

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း အလုပ်ရုံဆွေးနွေးပွဲ

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း အလုပ်ရုံဆွေးနွေးပွဲကို ၁၂ - ၁၁ - ၂၀၁၇ ရက်တွင် မန္တလေးမြို့၌ကျင်းပခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံလက်လီရောင်းချသူများအသင်း နှင့် အသင်း၏လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး

15-11-2017

ဖိလစ်ပိုင်နိုင်ငံလက်လီရောင်းချသူများအသင်း နှင့် အသင်း၏လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး

ဖိလစ်ပိုင်နိုင်ငံလက်လီရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ အထွေထွေအတွင်းရေးနှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းသို့ လာရောက်တွေ့ဆုံရာ အသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမျိုးမင်းအောင် ဒေါ်တင်စုလှိုင် နှင့် အဖွဲ့ဝင်များမှ မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုအသင်းရုံးအဆောက်အဦ အစည်းအဝေးခန်းမတွင် အသင်း၏လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်

ကိုကာ ကိုလာ "လက်လီ" စီးပွားရေးကျွမ်းကျင်မှုသင်တန်း

18-11-2017

ကိုကာ ကိုလာ "လက်လီ" စီးပွားရေးကျွမ်းကျင်မှုသင်တန်း

ကိုကာကိုလာ + SIYB နှင့် ILO တို့ပူးပေါင်း၍ မြန်မာနိုင်ငံလက်လီရောင်ချသူများအသင်းမှ ကျင်းပသည့် လက်လီစီးပွားရေးကျွမ်းကျင်မှုသင်တန်း အပတ်စဉ် (၂) ...
DAY-1 & 2

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (ပဲခူးတိုင်းဒေသကြီး) ဖွဲ့စည်းခြင်းအခမ်းအနားနှင့် ဆွေးနွေးဟောပြောပွဲ

26-11-2017

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (ပဲခူးတိုင်းဒေသကြီး) ဖွဲ့စည်းခြင်းအခမ်းအနားနှင့် ဆွေးနွေးဟောပြောပွဲ

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (ပဲခူးတိုင်းဒေသကြီး) ဖွဲ့စည်းခြင်းအခမ်းအနားနှင့် ဆွေးနွေးဟောပြောပွဲကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ပဲခူးတိုင်းတိုင်းဒေသကြီးအတွင်းရှိ လက်လီလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အသင်းချုပ်ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ၄င်းနောက် အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ (ပြန်ကြားရေးနှင့်အသင်းသားရေးရာ) ဦးမျိုးမင်းအောင်က ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌများ အတွင်းရေးမှူး တွဲဘက်အတွင်းရေးမှူးများ ဘဏ္ဍာရေးမှူး စာရင်းစစ်နှင့် အလုပ်အမှုဆောင်းများ၏ အမည်စာရင်းများကို ဖတ်ကြားတင်သွင်းကာ အတည်ပြုချက်ရယူခဲ့ပါသည်။

ဒေါ်မီမီသက် (စိန်ဟင်းစတိုး) - ဥက္ကဋ္ဌ
ဒေါ်ဝင်းဝင်းရီ (Fashion Zone) - ဒုတိယဥက္ကဋ္ဌ (၁)
ဒေါ်ယဉ်ယဉ်ဟန် (KSO Store) - ဒုတိယဥက္ကဋ္ဌ (၂)
ဦးလှိုင်ဝင်းဟန် (ထိပ်တန်းစတိုး) - ဒုတိယဥက္ကဋ္ဌ (၃)
ဦးအောင်မိုးဟန် (ဟန်စတိုး) - ဒုတိယဥက္ကဋ္ဌ (၄)
ဦးအာကာဇော် (မန်းသီတာ) - အထွေထွေအတွင်းရေးမှူး
ဦးမင်းမင်းထွန်း (သီရိစတိုး) - တွဲဘက်အထွေထွေအတွင်းရေးမှူး (၁)
ဒေါ်နွယ်နီစံ (နွယ်ဥယျာဉ်စတိုး) - တွဲဘက်အထွေထွေအတွင်းရေးမှူး (၂)
ဒေါ်ဝေဝေနှင်းလွင် (မြတ်သုခဆေးစတိုး) - တွဲဘက်အထွေထွေအတွင်းရေးမှူး (၃)
ဒေါ်ခိုင်ရတနာကျော် (ကျော်ဖက်ရှင်စတိုး) - တွဲဘက်အထွေထွေအတွင်းရေးမှူး (၄)
ဘဏ္ဍာရေးမှူးအဖြစ် ဦးထွန်းဝင်းအောင်
စာရင်းစစ် ဒေါ်ခင်မျိုးကြည် (Wisdom Supermarket) နှင့်

အလုပ်အမှုဆောင်များအဖြစ် ...
(၁) ဦးစန်းလွင် (Mariner Hotel)
(၂) ဒေါ်ခင်သီ (ဖူဂျီယာမ)
(၃) ဦးကိုကိုနိုင် (အမရာစတိုး)
(၄) ဦးရဲထွန်းအောင် (MJT ထွန်စက်နှင့်လယ်ယာသုံးပစ္စည်း)
(၅) ဦးဇော်ဝင်းအောင်း (KZ စတိုး၊ ကျောက်တွင်းကုန်း)
(၆) ဦးကောင်းမြတ် (စိမ်း ဆိုင်ကယ်ပစ္စည်းဆိုင်)
(၇) ဦးဝင်းထွဋ် (Big Boss သောက်ရေသန့်)
(၈) ဒေါ်သူဇာသိန်းရွှေ (342 တယ်လီဖုန်းဆိုင်)
(၉) ဦးသူရ (ဖက်ရှင်ဇုန်)
(၁၀) ဦးသီဟ (ဖက်ရှင်ဇုန်)
(၁၁) ဒေါ်ဖူးပွင့်ခိုင် (KSO)
(၁၂) ဦးအောင်မင်းသန့် (ခါတော်မှီ)
(၁၃) ဦးဟိန်းသူထွန်း (ETS)
(၁၄) ဒေါ်ပိုးအိအိဖြိုး (ETS)
(၁၅) ဦးထွန်းလင်းအောင် (MJT)
(၁၆) ဒေါ်စုစုလင်း (ထိပ်တန်းစတိုး)
(၁၇) ဒေါ်ပိုးရတနာကျော် (ကျော်ဖက်ရှင်စတိုး)
(၁၈) ဒေါ်နီလာဖြိုး (ပေါ်တော်မူ)
(၁၉) ဦးမျိုးဝင့်အောင် (မင်းရည်အောင်)
(၂၀) ဦးမင်းဟိန်းထွဋ် (စနေသား)
(၂၁) ဒေါ်ယဉ်မင်းထွဋ် (မန်းသီတာမုန့်ဆိုင်)
(၂၂) ဦးမြင့်မြတ်ကျော် (342)
(၂၃) ဒေါ်မြတ်မြတ်မွန် (သီရိစတိုး)
(၂၄) ဒေါက်တာကျော်ဇင်ဦး (ထိပ်တန်း II) တို့အားအတည်ပြု ခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ဖွဲ့စည်းပုံ၊ ကော်မတီများနှင့် လုပ်ငန်းတာဝန်များကို အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်းက ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ Devices Services ၏ Managing Director ဆရာကြီးဦးတင်ဇံကျော်မှ How Retailers Add Value ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကာ အခန်းအနားကို ညနေ (၅)နာရီတွင် အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ပါသည်။

Networking & Refreshment Day

29-11-2017

Networking & Refreshment Day

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ယခုလ Networking & Refreshment Day အစီအစဉ်မှာ ဟောပြောဆွေးနွေးပေးသွားသူတွေကတော့ စားသုံးသူရေးရာဋ္ဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်နဲ့ Biz Law Consult Myanmar ၏ Founder & Managing Director ဦးမင်းတေဇညွန့်တင် တို့ဖြစ်ပြီး ...

၂၀၁၇ခုနှစ်မှာ ပြင်ဆင်ရေးဆွဲခဲ့ပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူဖို့တင်ပြထားပြီးဖြစ်တဲ့ စားသုံးသူအခွင့်အရေးဥပဒေ နဲ့ လက်လီရောင်းချသူများ နောကျေနေအောင်သိထား ပြင်ဆင်ထားသင့်တဲ့ အချက်အလက်များကို ဟောပြောဆွေးနွေးသွားကြ ပါတယ်။

တက်ရောက်လာသူများကလည်း မရှင်းလင်းသည့် အချက်များ။ ဥပဒေ အပြင် နည်းဥပဒေတွင် အသေးစိတ် ပါဝင်သင့်သည့် အချက်များ။ မှန်ကန်စွာရောင်းချနေကြ သည့် လက်လီလုပ်ငန်းများအတွက် မနစ်နာစေရန် ပါဝင်သင့်သည့် အချက်အလက်များကို မေးမြန်း ဆွေးနွေးသွားကြတဲ့အတွက် အချိန်ပေးပြီး စီစဉ်ရကြိုးနပ်တဲ့ ပွဲလေးတစ်ပွဲလို့ ဆိုချင်ပါတယ်။

ဒီလိုပွဲတွေစီစဉ်ရာမှာ လိုအပ်တဲ့ကုန်ကျစရိတ်တွေ အတွက် မပူပင်ရအောင်ကူညီပံ့ပိုးပေးတဲ့ ဧရာဝတီဘဏ်မှ တာဝန်ရှိသူများ အားဖြည့်ကူညီပေးတဲ့ ဝန်ထမ်းများ အားလုံးကိုလည်း မှတ်တမ်းတင်အပ်ပါတယ်။

Distribution Policy Workshop

16-1-2018

Distribution Policy Workshop

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း အသင်းချုပ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှ အသင်းသား၊ အသင်းသူ ကိုယ်စားလှယ်များ ဂျပန်နိုင်ငံတွင် ကျင်းပမည့် Distribution Policy Workshop သို့ ထွက်ခွာ ...

Networking & Refreshment Day

25-1-2018

Networking & Refreshment Day

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၀၁၈-၀၁-၂၅ networking & sharing session မှတ်တမ်း

" How to Start an E-Commerce Business" ခေါင်းစဉ်ဖြင့် ဦးမိုက်သန်းထွန်းဝင်း (CEO of TA Resources & Founder of BOD Tech) မှ ဟောပြောဆွေးနွေးပေး