August 2016

Effective Supervisory Skills for Retail Services သင်တန်း အပတ်စဉ် (၂) ကို ဇွန်လ (၁၅) ရက်နေ့တွင် ဖွင့်လစ်

16-6-2016

Effective Supervisory Skills for Retail Services သင်တန်း အပတ်စဉ် (၂) ကို ဇွန်လ (၁၅) ရက်နေ့တွင် ဖွင့်လစ်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (Myanmar Retailers Association, MMRA) နှင့် Strategy First Institute တို့ပူးပေါင်းကာ လက်လီကဏ္ဍအတွက် လိုအပ်သော စီမံခန့်ခွဲမှုသင်တန်းများ၊ အရောင်းပိုင်းဆိုင်ရာသင်တန်းများ၊ ဝန်ဆောင်မှုသင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ Effective Supervisory Skills for Retail Services သင်တန်း အပတ်စဉ် (၂) ကို ဇွန်လ (၁၅) ရက်နေ့တွင် ဖွင့်လစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်း၊ ဒုတိယဥက္ကဌ၊ ပညာရေးကော်မတီ ဥက္ကဌ ဒေါ်ဝေသစ်လွင် တက်ရောက်အမှာစကားပြောကြားဖွင့်လစ်ပေးခဲ့သည်။

သင်တန်းကာလမှာ (၂)လကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးသောအခါ Strategy First Institute နှင့် Myanmar Retailer Association (MRA) တို့ ပူးပေါင်းချီးမြှင့်သော Certificate ကိုရရှိမည့်အပြင် သင်တန်းပြီးဆုံးသော အခါတွင်လည်း လက်လီလုပ်ငန်းကြီးများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါသည်။

သင်တန်းတွင် ...
Effective Supervisory Skills for Retail Services Customer-focused Selling Principles, 
Customer Service Principles, 
Understanding Retail Business, 
Retail Management Concepts, 
Personal Grooming and Etiquette,
Basic Project Management, 
Implementing Change, 
Introduction to Financial Management စသည့် သင်ခန်းစာများ ပါဝင်ပါသည်။

သင်တန်းချိန်များမှာ တစ်ပတ်နှစ်ရက် ဗုဒ္ဓဟူးနေ့ ညနေ (၆)နာရီမှ (၈)နာရီခွဲအထိနှင့် စနေနေ့နေ့လည် (၁) နာရီမှ (၄) နာရီအထိဖြစ်ပါသည်။

သင်တန်းကြေး - (၁၈၅,၀၀၀) ကျပ်။
မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်းဝင်ဖြစ်ပါက (၁၅၀,၀၀၀) ကျပ်။ Strategy First ကျောင်းသား၊ ကျောင်းသူဟောင်းများ (၁၅၀,၀၀၀) ကျပ်ဖြစ်ပါသည်။

သင်တန်းတည်နေရာ ...
Strategy First Institute 
အမှတ် (၈)၊ မြေညီထပ်၊ ပန်းခြံတာဝါ၊ ဓမ္မစေတီလမ်း နှင့် ဗားဂရာလမ်းထောင်၊့ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။
အမှတ် (၂၈၉)၊ ပြည်လမ်း (မြေနီကုန်း City Mart အနီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။ 
ဖုန်းနံပါတ်- ၀၉ ၂၅၀၇၁၇၁ ၆၆ ~ ၆၈၊ ၀၁ ၅၃၉၁၃၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

၁၈-၆-၂၀၁၆ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး) မှ အီလက်ထရောနစ် လုပ်ငန်းရှင်များ , လျှပ်စစ်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များ , စာရေးကိရိယာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ

18-6-2016

၁၈-၆-၂၀၁၆ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး) မှ အီလက်ထရောနစ် လုပ်ငန်းရှင်များ , လျှပ်စစ်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များ , စာရေးကိရိယာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ

၁၈-၆-၂၀၁၆ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး) မှ အီလက်ထရောနစ် လုပ်ငန်းရှင်များ , လျှပ်စစ်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များ , စာရေးကိရိယာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို အသင်းအစည်းဝေးခန်းမ၌ နေ့လည် ၁ နာရီ မှ ၃ နာရီထိ ကျင်းပပြုလုပ်ခဲ့သည်

စားသုံးသူရေးရာဦးစီးဌာန၊လားရှိုးကဒီနေ့ မနက်မှာ ရပ်ကွက်(၅)၊(၄၁)လမ်းထဲကဦးအောင်ဝင်းရဲ့အိမ်ကိုသွားပြီးတော့ ဈေးကွက်အတွင်းမှာဖြန့် ဖြူးရောင်းချနေတဲ့ ချမ်းသာမြေပဲဆီသန့် နဲ့ စူပါစားဆီသန့် တို့ ကိုသွားရောက်စစ်ဆေး

21-6-2016

စားသုံးသူရေးရာဦးစီးဌာန၊လားရှိုးကဒီနေ့ မနက်မှာ ရပ်ကွက်(၅)၊(၄၁)လမ်းထဲကဦးအောင်ဝင်းရဲ့အိမ်ကိုသွားပြီးတော့ ဈေးကွက်အတွင်းမှာဖြန့် ဖြူးရောင်းချနေတဲ့ ချမ်းသာမြေပဲဆီသန့် နဲ့ စူပါစားဆီသန့် တို့ ကိုသွားရောက်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊လားရှိုးကဒီနေ့ မနက်မှာ ရပ်ကွက်(၅)၊(၄၁)လမ်းထဲကဦးအောင်ဝင်းရဲ့အိမ်ကိုသွားပြီးတော့ ဈေးကွက်အတွင်းမှာဖြန့် ဖြူးရောင်းချနေတဲ့ ချမ်းသာမြေပဲဆီသန့် နဲ့ စူပါစားဆီသန့် တို့ ကိုသွားရောက်စစ်ဆေးခဲ့ပါသည်။.သို့ သော် အိမ်အကူသာတွေ့ ရှိရပြီးအိမ်ရှင်များကခရီးထွက်နေသည်ဆိုသည့်အကြောင်းပြချက်ကြောင့် အိမ်ရှင်များနဲ့ မတွေ့ ခဲ့ရပေ။..ဖုန်းခေါ်သော်လည်းမရသောကြောင့် လိုအပ်သည့်အထောက်အထား/စာရွက်စာတမ်းများကိုယူလာပြီးမနက်ဖြန်မနက်မိမိတို့ ရုံးမှာ လာရောက်ရှင်းပြဖို့ စာရေးပေးထားခဲ့ရပါသည်။.. 
ထပ်မံပြီးရပ်ကွက်(၅)၊(၃၈)လမ်းထဲမှ ရွှေမန္တလေးပဲဆီသန့် ထုတ်လုပ်ရောင်းချနေတဲ့ ကိုမျိုး +မခင်မိုးတို့ အိမ်ကိုသွားရောက်စစ်ဆေးရာမှာတော့ ဆီစက်ကိုမတွေ့ ရပဲ ဆီရောသည့်စက်ကိုသာတွေ့ ရှိခဲ့ရပြီး မေးမြန်းချက်များအရ မန္တလေးမှ ဆီကိုမှာယူကြောင်းနှင့် ရောက်လာသောဆီများကို ရောစပ်ကာ ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်၍ရောင်းချနေခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ ရှိခဲ့ရပါသည်..၀ယ်ယူသောမန္တလေးသို့ ဖုန်းနှင့်မေးမြန်းရာတွင်လည်း ၄င်းတို့ မှ MEIZAN COMPANY သို့ လှမ်းမှာ၍လည်းကောင်း၊မန္တလေးတွင်ကိုယ်တိုင်မြေပဲများကိုဝယ်ယူပြီးကြိတ်ခွဲခြင်းဖြင့်လည်းကောင်းရရှိလာသောဆီများကို လားရှိုးသို့ တင်ပို့ ခြင်းဖြစ်ကြောင်းသိရှိရပြီးအထောက်အထားမခိုင်လုံသောကြောင့်ရွှေမန္တလာပဲဆီသန့်  ရောင်းချမှုကို ရပ်ဆိုင်းထားရန်မှာကြားခဲ့ပြီး ဆီနမူနာများကိုယူဆောင်ခဲ့ပါသည်။ထိုဆီများကို ဓါတ်ခွဲစစ်ဆေးပြီးချိန်တွင်စားသုံးသူအတွက်ဘေးအန္တရာယ်မရှိကြောင်းသေချာမှသာဆက်လက်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသို့ ရောင်းချခွင့်ပြုရာတွင်လည်း ပဲဆီသန့် ဟုလိမ်ညာ၍မရေးရန် သတိပေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးရပ်ကွက်(၅)မန်အိုင်လမ်းရှိ ချမ်းငြိမ်း ပဲဆီ၊နှမ်းဆီလက်လီ/လက်ကားဖြန့် ချီရေးသို့ ဝင်ရောက်စစ်ဆေးရာတွင် ဆီစက်မှာလက်တွေ့ လည်ပတ်နိုင်ခြင်းမရှိပဲ ပုံးဆီများကိုမှာယူကာ ဘူးခွံများတွင် ကိုယ်ပိုင်အမှတ်တံဆိပ်ကပ် ကာ ရောင်းချနေခြင်းဖြစ်ကြောင်းတွေ့ ရှိခဲ့ရသော်လည်းလူကြီးများမရှိသေးဟုဆိုသောကြောင့် ဓါတ်ပုံမှတ်တမ်းများယူခဲ့ကာ မနက်ဖြန်မနက်မိမိတို့ ရုံးသို့ အထောက်အထား/စာရွက်စာတမ်းများယူ၍လာရောက်ရှင်းပြရန်မှာကြားခဲ့ပါသည်။
မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းတွင် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်/အသုံးအဆောင်ကုန်ပစ္စည်းများကို ရောင်းချမှုရှိ/မရှိဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ ရှိပါက ကုန်ပစ္စည်းများကိုသိမ်းဆည်း၍ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။ မိမိတို့ ဦးစီးဌာနအနေဖြင့် လက်ကားဖြန့် ချီလျက်ရှိသောဆိုင်ကြီးများဖြစ်သည့် ပင်လယ်စာနှင့်အေးခဲအသားများ၊တရုတ်မှလာသောဝက်အူချောင်း/ကြက်အူချောင်း/ကြက်တောင်ပံ/အစပ်ချောင်းများ /စားသုံးရန်မသင့်သော တရုတ်မုန့် များရောင်းချလျက်ရှိသောဆိုင်ကြီးများသို့ လည်းကောင်း၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ လည်းကောင်း၊စားဆီများထုတ်လုပ်ရောင်းချ ဖြန့် ဖြူးနေသည့်ဆိုင်များသို့ လည်းကောင်း ပဏာမစစ်ဆေး၍ သတိပေးတားမြစ်ထားပြီးဖြစ်ပါသည်။ နောက်ပိုင်းတွင်ဈေးကွက်အတွင်းတောက်လျှောက်စစ်ဆေးသွားမည်ဖြစ်ပြီးထိုသို့ စစ်ဆေးရာတွင် ပြည်ပမှတင်သွင်းလာသောအစားအသောက်ကုန်ပစ္စည်းများဖြစ်ပါက FDA (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၏ ထောက်ခံချက်နှင့်မိမိတို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏သွင်းကုန်လိုင်စင်တို့ အစစ်ဆေးခံနိုင်ရမည်ဖြစ်ကာ ပြည်တွင်းမှထုတ်လုပ်သော အစားအသောက်ကုန်ပစ္စည်းများဖြစ်ပါက ဘေးအန္တရာယ်မရှိကြောင်း FDA ထောက်ခံချက်တို့ ပြုလုပ်ထားရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲ /ကုန်ဆုံးသည့်ရက်စွဲတို့ ထည့်သွင်းထားရမည်ဖြစ်ကြောင်း နှင့် အထောက်အထားမပြနိုင်ပါက ကုန်ပစ္စည်းများကို သိမ်းယူ၍စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရအရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

တရားမဝင်ကုန်သွယ်မှုများ ကျယ်ပြန့်စွာဖြစ်ပွားနေရသော အကြောင်းအရင်း အပေါ် လက်လီလုပ်ငန်းအသင်း၏အမြင်၊ တားဆီးနိုင်ရေးဆိုင်ရာ အကြံပြုချက်နှင့် အသင်းဝင်လုပ်ငန်းရှင်များ၏ ဆောင်ရွက်နေမှုများကို ဆွေးနွေး

23-6-2016

တရားမဝင်ကုန်သွယ်မှုများ ကျယ်ပြန့်စွာဖြစ်ပွားနေရသော အကြောင်းအရင်း အပေါ် လက်လီလုပ်ငန်းအသင်း၏အမြင်၊ တားဆီးနိုင်ရေးဆိုင်ရာ အကြံပြုချက်နှင့် အသင်းဝင်လုပ်ငန်းရှင်များ၏ ဆောင်ရွက်နေမှုများကို ဆွေးနွေး

UMFCCI, Local Business Development Committe အစည်းအဝေးသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ဥက္ကဌ ဒေါ်ဝင်းဝင်းတင့်၊ ဒုတိယဥက္ကဌ ဦမျိုးမင်းအောင် နှင့် အဖွဲ့ဝင်များ တက်ရောက်၍ တရားမဝင်ကုန်သွယ်မှုများ ကျယ်ပြန့်စွာဖြစ်ပွားနေရသော အကြောင်းအရင်း အပေါ် လက်လီလုပ်ငန်းအသင်း၏အမြင်၊ တားဆီးနိုင်ရေးဆိုင်ရာ အကြံပြုချက်နှင့် အသင်းဝင်လုပ်ငန်းရှင်များ၏ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။

တရားမဝင်ကုန်သွယ်မှုဆိုရာတွင် ...
(၁) မှောင်ခိုတင်သွင်းခြင်း၊
(၂) အတုအပများ ပြုလုပ်/ တင်သွင်းရောင်းချခြင်း၊
(၃) အပြိုင်တင်သွင်းခြင်း (တရားဝင်ဖြန့်ဖြူး ရောင်းချခွင့် ရှိသောလုပ်ငန်း၏ ခွင့်ပြုချက်မရှိပဲ ပစ္စည်းနှင့်အရည်အသွေးကို အာမခံနိုင်ခြင်း မရှိသော source မှ ဝယ်ယူပြီး တရားဝင်တင်သွင်းခွင့်ရှိသူကိုယ်စားလှယ်များ နှင့် အပြိုင်တင်သွင်း ခြင်း)၊
(၄) တန်ဘိုးလျော့ တင်သွင်းခြင်းများ အားလုံး ပါဝင်ပြီး၊ မြန်မာနိုင်ငံအနှံ့ supply chain တစ်လျှောက် တင်သွင်းသူ၊ ဖြန့်ချိသူ၊ လက်ကားရောင်းချသူ၊ လက်လီရောင်းချသူ အဆင့်ဆင့်အပြင်၊ ယခုအခါ social media/ online များတွင်ပါ ကျယ်ပြန့်စွာ ရောင်းချနေသော အခြေအနေတွင်ရှိနေသည်။

လက်လီလုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းတစ်မျိုးခြင်းစီမှာ တရားဝင် ထုတ်လုပ်သော/ တင်သွင်းသော ပစ္စည်းများဟုတ်မဟုတ် စီစစ်ဝယ်ယူ ရောင်းချနိုင်ရန် အခက်အခဲများစွာ ရှိနေသော်လည်း ...
(၁) FDA (အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန)၏ ခွင့်ပြုချက် ပါသော အစားအသောက်နှင့်ကုန်ပစ္စည်းများကိုသာ ရောင်းချခြင်း။
(၂) မှတ်ပုံတင်ပြီးသော ပြည်တွင်းထုတ်ကုန် ပစ္စည်းများကိုသာ ရောင်းချခြင်း။
(၃) Trademark Owner (ကုန်ပစ္စည်းမူပိုင်ခွင့်ရှိသူ) မှ တရားဝင်ခွင့်ပြုထားသော တင်သွင်းသူ၊ ဖြန့်ချိသူများထံမှ ကုန်ပစ္စည်းများကိုသာ ရောင်းချခြင်း။
(၄) ကုန်သွယ်ခွန် (တန်ဘိုးမြှင့်ခွန်)နှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသော supplier များ ထုတ်လုပ်သော၊ တင်သွင်းသော၊ ဖြန့်ချိရောင်းချသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချခြင်း စသည့် နည်းလမ်းများချမှတ်ကာ အသင်းဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး လက်လီလုပ်ငန်းများအကြား ပိုမိုသိရှိနားလည် လာနိုင်ရန်နှင့် လက်တွေ့ကျင့်သုံးလာကြရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပြုထားသည်။

တစ်ဘက်တွင်လည်း တရားမဝင်ကုန်သွယ်မှုများဖြစ်ပေါ်ခြင်းကို တိုက်ဖျက်ရာတွင် လက်လီဆိုင်များမှ မဝယ်လျှင်/ ဆိုင်တွင်တင်မရောင်းလျှင် ပပျောက်နိုင်သည်ဟူသည့် အယူအဆကိုလက်ကိုင်ထား၍ တွန်းအားပေးနေခြင်း များကို ပြန်လည်သုံးသပ်သင့်ပြီး၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ supply chain တစ်လျောက်လုံးတွင် ပါဝင်နေသူများအားလုံးမှလည်း ပါဝင်လာအောင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဥပဒေစည်းမျဉ်းများ၊ ဖြေလျော့မှုများ၊ နည်းလမ်းများ ရှာဖွေချမှတ် ဆောင်ရွက်သင့်ပါကြောင့် တိုက်တွန်းထားသည်။

ဝန်ထမ်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိလုပ်နေတဲ့ လုပ်ငန်းခွင်ကနေ အလုပ်ထွက်ကြတဲ့အခါ ……………

26-6-2016

ဝန်ထမ်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိလုပ်နေတဲ့ လုပ်ငန်းခွင်ကနေ အလုပ်ထွက်ကြတဲ့အခါ ……………

အလုပ်အသစ်တစ်ခုမရခင်မှာ လက် ရှိအလုပ်ကနေထွက်သင့်သလား။ အဲဒီ လိုအလုပ်ကထွက်လိုက်တဲ့အတွက် အလုပ် မရခင်စပ်ကြားမှာ ကိုယ့်အတွက်ဘယ်လို စိတ်ခံစားမှုဆိုင်ရာကိစ္စရပ်တွေဖြစ်ပေါ်စေ နိုင်မလဲဆိုတာ ဒီတစ်ပတ်မှာ ဖော်ပြပေး သွားချင်ပါတယ်။

အခုခေတ်မှာ အလုပ်ခဏခဏ ပြောင်းလဲလုပ်ကိုင်လာတာကို အားပေး လာကြပါတယ်။ အလုပ်ဟောင်းမှာ နေမြဲအတိုင်းပဲနေတာထက် အခွင့်အလမ်း အသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေ၊ ပတ် ဝန်းကျင်အသစ်တွေက ကိုယ့်အတွက် ဒီထက်တိုးတက်ဖို့ အခွင့်အလမ်းပိုများတာ ကြောင့်ပါ။ အလုပ်ထွက်တဲ့အခါ နောက်အလုပ်အတွက်သေချာမှသာ အလုပ်က ထွက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် မလို လားအပ်တဲ့ စိတ်ဖိစီးမှုတွေရလာနိုင်လို့ပါ။

အလုပ်အသစ်က ကမ်းလှမ်းချက်မရ ခင် လက်ရှိအလုပ်ကထွက်လိုက်တဲ့အခါ ဘယ်လိုတွေကြုံတွေ့ရနိုင်သလဲ။

ဝင်ငွေအတွက်စိတ်ပူပန်ရတာ

ကိုယ့်မှာအရင်အလုပ်တုန်းက ဝင်ငွေ လေး စုမိဆောင်းမိထားရင်တော်သေးတာ ပေါ့။ မဟုတ်ရင်တော့ ဝင်ငွေအတွက် လည်းဗျာများရတတ်ပါတယ်။ အိမ်လခ၊ စားစရိတ်၊ အထွေထွေကုန်ကျစရိတ်၊ လူမှုရေးကုန်ကျစရိတ်၊ ကျန်းမာရေးကုန် ကျစရိတ်တွေက လစဉ်လတိုင်းကုန်ကျနေ ရတာပါ။

အဲဒီအခါမှာ ကိုယ့်အတွက်စုဆောင်း ထားတာမရှိ၊ လက်ရှိအလုပ်ကလည်း မရှိ တဲ့အခါ ဝင်ငွေကလည်းမရှိတော့ ဝင်ငွေ အတွက် စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ အဲဒီ အချက်ကြောင့်ပဲ သတိပြုရမှာက အလုပ် အသစ်က ကမ်းလှမ်းချက်မရခင် စိတ် လိုက်မာန်ပါနဲ့ လက်ရှိအလုပ်ကမထွက်မိဖို့ လိုပါတယ်။

အလုပ်မရှိတဲ့အတွက် စိတ်ပူပန်ရတာ

အလုပ်သစ်မရခင်မှာ အလုပ်ထွက် လိုက်တဲ့ ဝန်ထမ်းတွေသတိထားရမယ့် အချက်ပါ။ လက်ရှိအလုပ်ကနေလည်း ထွက်လိုက်ပြီ။ လျှောက်ထားတဲ့ အလုပ် တွေကလည်း တစ်ခုမှအကြောင်းမပြန် သေးဘူး။ မထူးခြားသေးဘူး။ တစ်လပြီး တစ်လကြာသွားတယ်၊ အလုပ်တွေလည်း လိုက်လျှောက်ပေမဲ့ မထူးခြားလာဘူး။ ဒီတော့ အလုပ်အတွက်စိတ်ပူပန်လာရ တယ်။

အလုပ်မထွက်ခင်သတိထားသင့် တာက နောက်အလုပ်အသစ်အတွက် အဆင်ပြေပြီလားဆိုတာပါပဲ။ နောက်အ လုပ်အသစ်က ကိုယ့်အတွက်အဆင်သင့် မဖြစ်သေးဘဲ အလုပ်ကထွက်လိုက်တဲ့အခါ မလိုလားအပ်တဲ့အခြေအနေတွေဖြစ်ပေါ် စေပါတယ်။ တစ်ခါတစ်ရံမှာ အလုပ်ကနေ ထွက်ဖို့ အစီအစဉ်မရှိဘဲ ထွက်ရတာတွေ လည်းရှိတတ်ပါတယ်။ အဲဒီလိုအခြေအနေ မျိုးကလွဲလို့ ကြိုတင်စီမံပြီးအလုပ်ထွက် မယ်ဆိုရင်တော့ နောက်ထပ်အလုပ်အ သစ်တစ်ခုက သေချာမှသာ လက်ရှိအလုပ် ကထွက်သင့်ပါတယ်။

စိတ်ဓာတ်ကျတာ

ဒီအချက်ကတော့ အလုပ်မရသေး တဲ့လူတွေ အဖြစ်အများဆုံးကိစ္စတစ်ရပ်ပါ။ အလုပ်လုပ်နေတဲ့သူတစ်ယောက်က အ လုပ်မရှိတော့တဲ့အခါ၊ အားလပ်ချိန် တွေအများကြီးရသွားတဲ့အခါ ဟိုဟိုဒီဒီ တွေးပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ အလုပ်ရှာရတာထင်သလောက်မလွယ်ကူ ဘဲ အလုပ်လက်မဲ့ဘ၀နဲ့နေရတာကို ငြီးငွေ့ လာတတ်ပါတယ်။

အလုပ်လက်မဲ့ဖြစ်တာ အချိန်ကြာ လာတာနဲ့အမျှ စိတ်လေလာတာ၊ စိတ်ပျက် အားငယ်လာတာတွေဖြစ်လာတတ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အလုပ်သစ်မသေချာသေးရင် လက်ရှိအ လုပ်ကို မစွန့်လွတှ်လိုက်ပါနဲ့။ လက်ရှိအ လုပ်ကလည်းဆုံးရှုံးသွားတယ်၊ အလုပ်အ သစ်ကလည်းမရသေးတဲ့အခြေအနေမှာ စိတ်ဓာတ်ကျလာတတ်တာကိုသတိပြုသင့် ပါတယ်။

အလုပ်အသစ်ရှာဖွေဖို့အတွက် စိတ်ဖိစီးရတာ

အလုပ်ခေါ်စာတွေမှာဖတ်ကြည့် တယ်။ ဒါပေမဲ့ကိုယ်နဲ့သင့်တော်တဲ့အလုပ် ရှာမတွေ့ဘူး။ ဒီလိုနဲ့ နှစ်လ၊ သုံးလသာ ကြာသွားတယ်။ အလုပ်အသစ်ကမရသေး ဘူး။ အဲဒီအခါအလုပ်အသစ်ရှာဖွေဖို့ အတွက် စိတ်ဖိစီးလာရပြီ။ စိုးရိမ်သောက ရောက်လာရပြီ။ တစ်ဖက်ကလည်း အလုပ် မရှိတာကြောင့်ဖြစ်လာတဲ့ အကျိုးဆက် တွေကိုရင်ဆိုင်နေရတယ်။ တစ်ဖက်က လည်း အလုပ်မရှိသေးလို့စိတ်ဖိစီးနေရ တယ်။

အချိန်ကြာလာတော့ ငါအလုပ်အ သစ်မှ ရပါဦးမလား၊ ငါ့အရည်အချင်းတွေ ကအလုပ်တစ်ခုရဖို့တောင် မကူညီနိုင် တော့ဘူးလား၊ ဒီလိုအလုပ်လက်မဲ့ဘ၀နဲ့ ရှေ့ဆက်ဘယ်လိုနေထိုင်သွားမလဲ၊ ပတ် ဝန်းကျင်အမြင်မှာ ငါကအလုပ်အကိုင်မရှိ တဲ့ လူပေလူတေလို့ထင်မြင်နေမလားစတဲ့ အတွေးတွေနဲ့ စိတ်ဖိစီးနေတတ်ပါတယ်။

ယုံကြည်မှုပျောက်ဆုံးတာ

အလုပ်လက်မဲ့ဘ၀မှာ ပျောက်ဆုံးနိုင် တာတစ်ခုက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပါ။ လူတစ်ယောက်ရဲ့အဓိကအားသာ ချက်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပါ။ အလုပ်လက်မဲ့ဘ၀မှာ ဒီအချက်ပျောက်ဆုံး နိုင်တာကို သတိထားသင့်ပါတယ်။ အလုပ် အကိုင်မရှိတဲ့အချိန်မှာ စိတ်ပျက်အားငယ် နေတာ၊ မလုပ်နိုင်တော့ပါဘူးလို့ ကိုယ့် ကိုယ်ကိုယ်ယုံကြည်စိတ်ပျောက်သွားတဲ့အခါ ဘ၀မှာ ဆုံးရှုံးမှုတွေထပ်ခါထပ်ခါကြုံဆုံရ နိုင်ပါတယ်။

ဂျပန်စကားပုံတစ်ခုရှိပါတယ်။ ‘‘ခုနှစ် ကြိမ်လဲကျရင် ရှစ်ကြိမ်ပြန်ထနိုင်အောင် ကြိုးစားပါ’’တဲ့။ ဒီတော့အလုပ်မရလို့ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုတွေပျောက်ဆုံးနေ မယ့်အစား အားမလျှော့ဘဲ အလုပ်ရရှိဖို့ နည်းလမ်းကောင်းတွေကို ရှာဖွေသင့်ပါ တယ်။ ထိုင်ပြီးစိတ်ပျက်နေတာထက် အလုပ်ရရှိဖို့ ကြိုးစားနေတာက အလုပ်ရဖို့ ပိုပြီးနီးစပ်ပါတယ်။ ကိုယ့်မှာအလုပ်အကိုင် ဆုံးရှုံးရတာထက် ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုမဆုံးရှုံးမိစေဖို့ လိုအပ်ပါတယ်။

Post by - စိုးမင်းမြတ်
Credit - ကျော့ကောခိုင်

 

Myanmar Retailers Association Mandalay Region နှင့်AAT Business Park ပူးပေါင်းပြုလုပ်သော Rain Maker course ဖွင့်ပွဲအား ၂၇-၆-၂၀၁၆ နေ့လည် ၁ နာရီ တွင် AAT Business Park သင်တန်းခန်းမ၌ ကျင်းပ

27-6-2016

Myanmar Retailers Association Mandalay Region နှင့်AAT Business Park ပူးပေါင်းပြုလုပ်သော Rain Maker course ဖွင့်ပွဲအား ၂၇-၆-၂၀၁၆ နေ့လည် ၁ နာရီ တွင် AAT Business Park သင်တန်းခန်းမ၌ ကျင်းပ

Myanmar Retailers Association Mandalay Region နှင့်AAT Business Park ပူးပေါင်းပြုလုပ်သော Rain Maker course ဖွင့်ပွဲအား ၂၇-၆-၂၀၁၆ နေ့လည် ၁ နာရီ တွင် AAT Business Park သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ပြီး ဥက္ကဌဒေါ်ခင်ဆန်းရီမှအဖွင့်အမှာစကားပြောကြားပြီး ဆရာမကြီးဒေါ်အေးအေးသန့်မှ Course အကြောင်းရှင်းလင်းပြောကြားခဲ့သည်

စားသုံးသူ ရေးရာ ဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး)တို့ တွေ့ဆုံဆွေးနွေး

30-6-2016

စားသုံးသူ ရေးရာ ဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး)တို့ တွေ့ဆုံဆွေးနွေး

စားသုံးသူ ရေးရာ ဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး)တို့ တွေ့ဆုံဆွေးနွေးပွဲ ကို30 -6-2016 တွင် စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) မှ ကြီးမှူးကျင်းပပြုလုပ်သော Sharing Session -4 ကို MOTIVATION ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်

30-6-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) မှ ကြီးမှူးကျင်းပပြုလုပ်သော Sharing Session -4 ကို MOTIVATION ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) မှ ကြီးမှူးကျင်းပပြုလုပ်သော Sharing Session -4 ကို MOTIVATION ခေါင်းစဉ်ဖြင့် 3-7-2016 ရက်နေ့တွင် မနက် ၁၀ နာရီမှ ၁၂ နာရီထိ အသင်းအစည်းဝေးခန်းမ SC(19/20) ဂရိတ်ဝေါ်ပလာဇာ ဒုတိယထပ်တွင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ
တက်ရောက်လိုသော လူကြီးမင်းများ အနေဖြင့် 09-256501630 သို့ စာရင်းပေးသွင်းကျပါရန် မေတ္တာရပ်ခံအပ်ပါသည်

Malaysia မလေးရှားနိုင်ငံမှ Asean Retail-Chain &Franchise Federation (ARFF) Bussiness matching ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင်ကျင်းပ

30-6-2016

Malaysia မလေးရှားနိုင်ငံမှ Asean Retail-Chain &Franchise Federation (ARFF) Bussiness matching ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင်ကျင်းပ

Malaysia မလေးရှားနိုင်ငံမှ Asean Retail-Chain &Franchise Federation (ARFF) Bussiness matching ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ ဒေါ်ခိုင်ခိုင်နွယ် နှင့်တာဝန်ရှိသူများ 
ပြည်ထာင်စုသမ္မတမြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ဒုဥက္ကဌ နှင့် အဖွဲဝင်များ တက်ရောက်ခဲ့ကြပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ ဒေါ်ခိုင်ခိုင်နွယ် မှဦးဆောင်ဆွေးနွေးပြီး ပြည်ထာင်စုသမ္မတမြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးဇော်မင်းလတ်မှဦးဆောင်ဆွေးနွေး ခဲ့ကြပါသည်။ ဆွေးနွေးပွဲ အပြီးတွင် Malaysia Asean Retail-Chain &Franchise Federation (ARFF) ဥက္ကဌ နှင့် 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ ဒေါ်ခိုင်ခိုင်နွယ် တို့မှ နှစ်ဖက်အပြန်အလှန် အမှတ်တရ လက်ဆောင်ပစ္စည်းပေးပြီး အခန်းနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

Myanmar Retailer Association (MMRA) မှ ASEAN Retail-Chains & Franchise Federation (ARFF) သို့ အသင်းဝင်ရောက်ခြင်း MOU လဲလှယ်ခြင်း နှင့် မလေးရှားနိုင်ငံALT Exhibition မှဦးစီးကျင်းပသော Myanmar Franchise Expo & Conference 2016 ပါဝင်ပြသခြင်း

1-7-2016

Myanmar Retailer Association (MMRA) မှ ASEAN Retail-Chains & Franchise Federation (ARFF) သို့ အသင်းဝင်ရောက်ခြင်း MOU လဲလှယ်ခြင်း နှင့် မလေးရှားနိုင်ငံALT Exhibition မှဦးစီးကျင်းပသော Myanmar Franchise Expo & Conference 2016 ပါဝင်ပြသခြင်း

Myanmar Retailer Association (MMRA) မှ ASEAN Retail-Chains & Franchise Federation (ARFF) သို့ အသင်းဝင်ရောက်ခြင်း MOU လဲလှယ်ခြင်း နှင့် မလေးရှားနိုင်ငံALT Exhibition မှဦးစီးကျင်းပသော Myanmar Franchise Expo & Conference 2016 ပါဝင်ပြသခြင်း။ ပြပွဲဖွင့်ပွဲအခမ်းအနားနှင့် MOU လဲလှယ်ခြင်းအခမ်းအနားသို့ မလေးရှားနိုင်ငံသံအမတ်ကြီး, ARFF President, MMRA မှ vice-president နှင့် Executive Committee ဝင်များတက်ရောက်ကြပါသည်။