August 2016

၂၀ . ၃ . ၂၀၁၆ (တနင်္ဂနွေနေ့) တွင် ဆွေးနွေးဟောပြောမည့် ... လက်လီလုပ်ငန်းအပေါ် သက်ရောက်လာနိုင်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ဟောပြောမည့်ပုဂ္ဂိုလ် - ဒေါ်တင်စုလှိုင်

15-3-2016

၂၀ . ၃ . ၂၀၁၆ (တနင်္ဂနွေနေ့) တွင် ဆွေးနွေးဟောပြောမည့် ... လက်လီလုပ်ငန်းအပေါ် သက်ရောက်လာနိုင်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ဟောပြောမည့်ပုဂ္ဂိုလ် - ဒေါ်တင်စုလှိုင်

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ ပြည်ပနိုင်ငံများ၏ သဘောထားအမြင်နှင့်ဆက်ဆံရေး ပြောင်းလဲလာသည်နှင့်အမျှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ အသီးသီးသို့ ဝင်ရောက်လာကြပြီဖြစ်ပြီး လက်လီလုပ်ငန်းသည်လည်း နိုင်ငံတော်အစိုးရမှ ခွင့်ပြုလိုက်သည်နှင့် ဝင်ရောက်လာရန် တာစူနေကြပေသည်။

ပထမဆုံးမေးခွန်းမှာ ... မြန်မာ့လက်လီလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းပင် ဖြစ်ပေသည်။ အရွယ်အစားကြီးမားသည့် နိုင်ငံခြားလက်လီလုပ်ငန်းကြီးများနှင့်အတူ ... ၄င်းတို့ကိုပံ့ပိုးပေး နေသည့် အတိုးနှုန်းများစွာသက်သာသည့် နိုင်ငံခြားဘဏ်လုပ်ငန်းများ၊ မတူညီသည့် ငွေပေးချေမှုစနစ်နှင့် လရှည်အကြွေးချထားပေးနိုင်သည့် နိုင်ငံခြားလူသုံးကုန်၊ စားသောက်ကုန်အမှတ်တံဆိပ်များ ကျောထောက်နောက်ခံ ရှိနေပေသည်။

ဒုတိယမေးခွန်းမှာ ... မြန်မာ့လက်လီလုပ်ငန်းများ၏ နည်းစနစ်ပိုင်းဆိုင်ရာအားနဲချက် ဖြစ်သည်။ လက်လီလုပ်ငန်း အများစုမှာ မိရိုးဖလာရောင်းဝယ်မှုလုပ်ငန်းမှ မတက်နိုင်သေးမီ၊ စားသုံးသူ၏ လိုအပ်ချက်ကိုအခြေခံထားသည့် နိုင်ငံခြား လက်လီဝန်ဆောင်မှု လုပ်ငန်းများက ဈေးကွက်တွင်ဦးဆောင်သွားပေမည်။

တတိယ၊ စတုတ္ထ၊ ပဉ္စမ ... မေးခွန်းများနှင့်အတူ ... ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လက်လီလုပ်ငန်းများအတွက် မဖြစ်မနေကြုံတွေ့လာရမည့် အားသားချက်၊ အားနဲချက်နှင့် စိန်ခေါ်မှု များကို ဤ ဆွေးနွေးဟောပြောပွဲမှ ဝေငှသွားပါမည် ...

နေ့ရက် - ၂၀ . ၃ . ၂၀၁၆ (တနင်္ဂနွေနေ့)
အချိန် - နေ့လည် (၂)နာရီမှ (၅)နာရီ အထိ
နေရာ - သီရိဟံသာခန်းမ၊ ပဲခူးတိုင်းဒေသကြီး
ဆက်သွယ်ရန် - ၀၉ ၃၁၄ ၂၂၅၅၅/ ၃၁၄ ၂၂၇၇၇/ ၄၅၃၄ ၈၉၁၇၇

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပသည့် ... ပြောင်းလဲလာမည့်လက်လီလုပ်ငန်းအသွင်အပြင် ဟောပြောပွဲမြင်ကွင်းများ။

20-2-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပသည့် ... ပြောင်းလဲလာမည့်လက်လီလုပ်ငန်းအသွင်အပြင် ဟောပြောပွဲမြင်ကွင်းများ။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပသည့် ... ပြောင်းလဲလာမည့်လက်လီလုပ်ငန်းအသွင်အပြင် ဟောပြောပွဲမြင်ကွင်းများ။
(MRTV4 မှ ဟောပြောပွဲသို့ တက်ရောက်လာကြ
သောပရိတ်သတ်များ ထဲမှ နှစ်ဦးကို mrtv4 စက်နှင့်စလောင်း နှစ်စုံကို ကံစမ်း မဲဖောက်ပေးခဲ့ခြင်းကိုလည်း MMRA အဖွဲ့ မှ အထူးကျေးဇူးတင်ရှိပါသည်။)

သီရိဟံသာခန်းမ - ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး

နိုင်ငံတကာ သင်ရိုးညွှန်းတမ်း ILO Marketing လက်တွေ့အသုံးချ အထူးသင်တန်းကို ၂၈ - ၃ - ၂၀၁၆ တွင် စတင်ဖွင့်လှစ်ပါမည်

23-3-2016

နိုင်ငံတကာ သင်ရိုးညွှန်းတမ်း ILO Marketing လက်တွေ့အသုံးချ အထူးသင်တန်းကို ၂၈ - ၃ - ၂၀၁၆ တွင် စတင်ဖွင့်လှစ်ပါမည်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း မန္တလေးတိုင်းဒေသကြီး မှ ကြီးမှူး၍ လက်လီလုပ်ငန်းရှင်းများ ဈေးကွက်ပိုရလာစေဖို့ Customer ပိုများလာစေဖို့ အမြတ်များလာစေဖို့ အတွက် AAT Business Park နှင့် ပူးပေါင်း၍ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား သင်ကြားနေသော နိုင်ငံတကာ သင်ရိုးညွှန်းတမ်း ILO Marketing လက်တွေ့အသုံးချ အထူးသင်တန်းကို ၂၈ - ၃ - ၂၀၁၆ တွင် စတင်ဖွင့်လှစ်ပါမည်

လူဦးရေ ကန့်သတ်ထားသောကြောင့် လုပ်ငန်းရှင်များအနေဖြင့် စာရင်းပေးသွင်းနိုင်ကျပါသည်

အသေးစိတ် သိရှိလိုပါက

09256501630 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

မိသားစုပိုင် စီးပွားရေးလုပ်ငန်းများ ... ဒေါက်တာအောင်ထွန်းသက်

28-3-2016

မိသားစုပိုင် စီးပွားရေးလုပ်ငန်းများ ... ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအဆောက် အအုံကို သုံးသပ်လေ့လာတဲ့အခါ မိသားစုပိုင်စီးပွား ရေးလုပ်ငန်းများဟာ အရေးပါလျက် ရှိနေသေးတာ ကို တွေ့မြင်ရပါတယ်။ အမှန်စင်စစ် မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ရှေးအကျဆုံး ဖြစ်ရုံသာမက ယခုထက်တိုင် ပဓာနကျတဲ့ အခန်းမှာရှိနေတာဖြစ်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သုံးသပ်တဲ့အခါ လုပ်ငန်းများရဲ့ ၇ဝ ရာခိုင်နှုန်းဟာ မိသားစုပိုင် လုပ်ငန်းတွေဖြစ်နေပါတယ်။ မိသားစုပိုင်စီးပွားရေး လုပ်ငန်းများဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါနေတာတွေ့ရပါတယ်။

အချို့သောနိုင်ငံတွေမှာ မိသားစုပိုင်စီးပွားရေး လုပ်ငန်းဟာ တိုင်းပြည်ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းမျှ ဖြစ်နေပါတယ်။

မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေဟာ အသေးစား၊ အလတ်စားများသာမက ကြီးမားတဲ့ လုပ်ငန်းအဖွဲ့အစည်းများ ပါဝင်လျက်ရှိတယ်။ နိုင်ငံ အနှံ့မှာရှိတဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းတွေ ဟာ မိသားစုပိုင်ဆိုင်နေတာ တွေ့ရပြန်တယ်။ တစ်ခုတော့ရှိပါတယ်။ မိသားစုပိုင်လုပ်ငန်း တွေဟာ သက်တမ်းမရှည်တာ မြင်ရပြန်တယ်။ သားစဉ်မြေးဆက် ဆက်ခံမှုကို သုံးသပ်ရင် အဘိုး လုပ်တဲ့သူကတစ်ဆင့် မြေးဖြစ်သူအထိ လုပ်ငန်း ပြောင်းလဲနိုင်မှုဟာ ၁၂ ရာခိုင်နှုန်းခန့်သာ တွေ့ရ တယ်။ အဓိပ္ပာယ်က သက်တမ်းတိုတာကို ရည်ညွှန်း ခြင်းဖြစ်ပါတယ်။

အခုလိုဖြစ်ရတာဟာ သားသမီး မြေးမြစ်များကို ကြိုတင်ပြင်ဆင်ပေးမှု မရှိတာဟာ အခြေခံပြဿနာတစ်ခု ဖြစ်တယ်။ ဒါကြောင့်လည်း မိသားစုပိုင်စီးပွားရေးကို ရှင်သန်မှုရှိအောင်၊ ရေရှည် တည်တံ့အောင် ကြိုးစားဆောင်ရွက်သွားဖို့လိုအပ်ပါ တယ်။ စီးပွားရေးမူဝါဒတွေချမှတ်ရာမှာ လုပ်ဆောင် နေကျပုံစံမျိုးကို စဉ်းစားရာမှာ မိသားစုလုပ်ငန်း တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်မှာဖြစ်တယ်။

မိသားစုစီးပွားရေးလုပ်ငန်းတွေကို စီမံအုပ်ချုပ် ရာမှာ ထူးခြားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ တစ်ဖက်မှာလည်း ပကတိအနေအထားကို အခြေခံ ပြီး ဆောင်ရွက်သွားဖို့လိုပါတယ်။ မိသားစုစီးပွားရေး လုပ်ငန်းတိုင်းမှာ အစိတ်အပိုင်းသုံးရပ်ရဲ့ ထိတွေ့ဆက်စပ်မှုဟာ အဓိကဖြစ်တယ်။ ပထမအနေနဲ့ မိသားစုဖြစ်ပြီး ဒုတိယကပိုင်ဆိုင်မှုနဲ့ နောက်ဆုံးကတော့ စီးပွားရေးလုပ်ငန်းပဲဖြစ်တယ်။ မိသားစုလို့ ပြောရင် တာဝန်ယူမှု၊ ဆက်သွယ်ဆက်ဆံမှု၊ တန်ဖိုးထားမှု၊ ပဋိပက္ခဖြေရှင်းမှု နောက်ခံသမိုင်းစတာတွေ ပါဝင်ပါတယ်။ ပိုင်ဆိုင်မှုလို့ပြောရာမှာ ပိုင်ဆိုင်မှု အဆောက်အအုံ တရားဥပဒေအရ ဖွဲ့စည်းမှုရူပါရုံ မျှော်မှန်းချက်တွေ ပါဝင်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လာရင် စီမံခန့်ခွဲမှု၊ ဦးဆောင်မှုကို စဉ်းစားဖို့လိုအပ်ပြီး အဆုံးအဖြတ်ပေးခြင်း၊ မဟာဗျူဟာ ချမှတ် အကောင်အထည်ဖော်ခြင်း၊ အကျိုးအမြတ် ခွဲဝေမှုတို့ဖြစ်တယ်။ ဒီအစိတ်အပိုင်းသုံးရပ်ကို ကောင်းမွန်သောစီမံအုပ်ချုပ်မှုနဲ့ ထိန်းချုပ်ထားရမှာ ဖြစ်ပါတယ်။

မိသားစု စီးပွားရေးလုပ်ငန်းရဲ့ အားသာချက်ဟာ မိသားစုများရဲ့ ပင်ကိုအရည်အချင်း၊ အရည်အသွေး တွေကြောင့်ဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အားပေးကူညီ ပံ့ပိုးနိုင်မှုအပေါ် အခြေခံပါတယ်။ မိသားစုတွေဟာ လုပ်ငန်းအပေါ် သံယောဇဉ်ရှိရုံမက ယုံကြည်စိတ်ချအားကိုးရသူများဖြစ်ပြီး လုပ်ငန်းအပေါ် ဂုဏ်ယူကြသူ တွေဖြစ်ပါတယ်။ တစ်ဖက်က အားသာချက်တွေရှိသလို တစ်ဖက်မှာ အားနည်းချက်တွေ ရှိပါတယ်။ မိသားစု ဖြစ်တာမို့ ရှုပ်ထွေးမှုတွေရှိနိုင်သလို စည်းကမ်းလိုက်နာ မှုမှာလည်း အားနည်းနိုင်ပါတယ်။ မိသားစုစီးပွားရေး လုပ်ငန်းတွေဟာ အဆင့်နှစ်ဆင့်ကို ဖြတ်သန်းပါတယ်။ ပထမအဆင့် လုပ်ငန်းစတင်တည်ထောင် သူတွေက ဦးစီးပါတယ်။ ဒုတိယအဆင့်မှာတော့ တည်ထောင်သူရဲ့ ဒုတိယမျိုးဆက် မောင်နှမတွေဦးစီးပြီး ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်။ နောက်ဆုံးအဆင့် မှာတော့ မျိုးဆက်သစ်တွေဟာ ဆက်လက်တာဝန်ယူ မှုဖြစ်တယ်။ ဒီအဆင့်နှစ်ဆင့်စလုံးမှာ ဖြေရှင်းရမယ့် စီမံအုပ်ချုပ်မှုဆိုင်ရာ စဉ်းစားရမယ့်အချက်တွေ ရှိပါတယ်။

စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေကို စီမံအုပ်ချုပ် ရာမှာမှန်ကန်တဲ့အခြေခံ အဆောက်အအုံတွေ၊ ဖြစ်စဉ် တွေ၊ တာဝန်ယူမှုတွေ၊ ဆက်သွယ်ဆက်ဆံမှုတွေကိုသတိပြုရမှာဖြစ်တယ်။ ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုဟာ အစိတ်အပိုင်း(၅)ရပ် အပေါ် မူတည်ပါတယ်။ ပထမ အချက်ကတော့ တာဝန်ခံမှုဖြစ်ပြီး ဒုတိယအချက်က တရားမျှတမှုဖြစ်တယ်။ တတိယအချက်ကတော့ တာဝန်ယူမှုဖြစ်ပြီး စတုတ္ထအပိုင်းက လွတ်လွတ်လပ်လပ် စဉ်းစား ဆောင်ရွက်မှုဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ပွင့်လင်းမြင်သာမှုဖြစ်ပါတယ်။

မိသားစုစီးပွားရေးလုပ်ငန်းတွေကို စီမံအုပ်ချုပ်ရာ မှာကျင့်သုံးနိုင်တဲ့ပုံစံလေးမျိုးရှိကြောင်း သိရှိရပါတယ်။ အောက်ဆုံးအဆင့်မှာ မူလလုပ်ငန်းတည်ထောင်သူ ဦးစီးမှုဖြစ်ပြီး ဥပဒေသတ်မှတ်ချက်ကို ကိုက်ညီမှုရှိ အောင်ကြိုးစားတာဖြစ်တယ်။ ဒီအဆင့်မှာ လုပ်ငန်းအောင်မြင်မှုကို အာရုံပြုပြီး စီမံအုပ်ချုပ်မှုအပေါ်အာရုံ စိုက်မှု နည်းပါးပါတယ်။ ဒုတိယအဆင့်မှာတော့ ပိုင်ရှင်တွေသာမက စီမံအုပ်ချုပ်သူတွေရဲ့ ပါဝင်ပတ်သက်မှု ရှိလာပြီး မိသားစုဝင်များအနေနဲ့ လုပ်ငန်းအပေါ် ပိုမိုစိတ်ဝင်စားလာခြင်းဖြစ်တယ်။ အပြင်လူ သူစိမ်းများ ပါလာတာမို့ အယူအဆအသစ်တွေ၊ အမြင်သစ်တွေ ထည့်သွင်းလာပါတယ်။ လုပ်ငန်းတည်ထောင်သူဟာ လုပ်ငန်းရဲ့နေ့စဉ် လုပ်ငန်းတွေအပေါ် တာဝန်ယူမှု မရှိတော့ဘဲ မဟာဗျူဟာကျကျစဉ်းစားဆုံးဖြတ်ချက်တွေ ပြုလုပ်ကြပါတယ်။ တတိယအဆင့်မှာတော့ လုပ်ငန်းတည်ထောင်သူဟာ မိမိနဲ့ရင်းနှီးသူတွေကို ပါဝင်ပတ်သက် စေပြီး တစ်ဖက်မှာလည်း ရှေ့နေများ၊ စာရင်းကိုင်များနဲ့ အခြားသော စီးပွားရေးအရ ကျွမ်းကျင်မှုရှိသူတွေကို အသုံးချလာပါတယ်။ တစ်ဖက်မှာလည်း အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ကိုဖွဲ့ပြီး ကော်မတီများ တည်ထောင် လာခဲ့ကြတယ်။ နောက်ဆုံးအဆင့်မှာတော့ အများပိုင် စီးပွားရေးလုပ်ငန်းပုံစံကို ကျင့်သုံးခြင်းဖြစ်တယ်။ ပြင်ပအမှုဆောင်ဒါရိုက်တာများကို ရွေးချယ်ခန့်ထားပြီး ပိုင်ဆိုင်မှုနဲ့စီမံအုပ်ချုပ်မှုကို ခွဲခြားလာမှု ဖြစ်တယ်။ အခုလို တစ်ဆင့်ပြီးတစ်ဆင့် စီမံအုပ်ချုပ်မှုကို မိမိလုပ်ငန်းနဲ့ ကိုက်ညီစေအောင် အကောင်အထည်ဖော်သွားကြရမှာ ဖြစ်တယ်။
ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ မိသားစုပိုင်စီးပွားရေး လုပ်ငန်းကို စနစ်တကျပြုပြင်ပြောင်းလဲဖို့သင့်ကြောင်း အကြံပြုချင်ပါတယ်။ အခုလိုတင်ပြတဲ့နေရာမှာ မိသားစုပိုင်လုပ်ငန်းကို စွန့်လွှတ်ဖို့တိုက်တွန်းနေတာ မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုကို မိသားစုလက်ထဲမှာပဲ ထိန်းသိမ်းပြီး ပိုမိုကျစ်လျစ်ခိုင်မာတဲ့ စီမံအုပ်ချုပ်မှုကို ကျင့်သုံးဖို့ သတိပြုရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်ရာမှာ ပထမအဆင့်အနေနဲ့ ကျွမ်းကျင်မှုရှိတဲ့ စီမံခန့်ခွဲသူတွေကို တာဝန်ပေးသင့်ပါတယ်။ စီမံခန့်ခွဲမှုလို့ ပြောရာမှာ ဘာသာရပ်မျိုးစုံမှာ ကျွမ်းကျင်လိမ္မာသူတွေကိုခန့်ပြီး သူတို့ကျွမ်းကျင်မှုတွေကို အသုံးချဖို့လိုအပ်ပါတယ်။

မိသားစုစီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးတဲ့အချက်က လုပ်ငန်းအမွေကို ဆက်ခံမယ့်သူတွေကို လျာထားပြီး တာဝန်ပေးသင့်ပါတယ်။ မိမိရဲ့ သားသမီးတွေကို လက်ဆင့်ကမ်းနိုင်အောင် ကြိုတင်စီစဉ် ရမှာဖြစ်တယ်။ အခု ကျွန်တော် သတိပြုမိတဲ့အချက် တစ်ခုက လုပ်ငန်းကြီးတွေမှာ နိုင်ငံခြားမှာပညာသင်ကာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိပြီး မိဘရဲ့ လက်ငုပ် လက်ရင်းအလုပ်အကိုင်တွေမှာ ပါဝင်နေကြတာကို ဝမ်းသာစရာတွေ့ရပါတယ်။ နိုင်ငံခြားမှာ ပညာသင်ခဲ့တာမို့ သူတို့ရဲ့အတွေးအမြင်တွေက ကျယ်ကျယ်ပြန့်ပြန့် ရှိကြတယ်။ နောက်ဆုံးပေါ် စီးပွားရေးအမြင်တွေ၊ ပညာတွေ ရှိကြတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ အလွန်အားရစရာဖြစ်ပါတယ်။ ဒါပေမယ့် အခုလို အခြေအနေများဟာ တွေမှာသာ မြင်ရပါတယ်။ အသေးစား၊ အလတ်စားတွေအတွက်လည်း ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံ မှာ လုပ်ငန်းအများစုဟာ အသေးစားနဲ့ အလတ်စား ဖြစ်ကြသလို မိသားစုပိုင်လုပ်ငန်းတွေလည်း ဖြစ်ကြ တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ ကျစ်လျစ်ခိုင်မာတဲ့ စီမံအုပ်ချုပ်မှုစနစ်ကို အကောင် အထည်ဖော်စေချင်ပါတယ်။

မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံကို လည်း ထည့်တွက်ရမှာ ဖြစ်တယ်။ မြန်မာပြည်မှာ ဘုရင်စနစ်ကို ကျင့်သုံးစဉ်က နန်းဆက်မှုနဲ့ ပတ်သက်လို့ အခက်အခဲရှိခဲ့ပါတယ်။ ရှင်ဘုရင်လုပ်သူက နှစ်သက်တဲ့သူကို နန်းလွှဲပေးလို့ရတယ်။ သားအကြီး ဆုံးဖြစ်သူကို နန်းပေးရမယ်ဆိုတဲ့ အစဉ်အလာ မသတ်မှတ်ထားဘူး။ ဒါကြောင့် ဘုရင်အလိုကျ ထီးနန်းကို လွှဲပေးခွင့်ရှိတယ်။ အင်္ဂလန်နိုင်ငံမှာ ကျင့်သုံးတဲ့ ဘုရင်စနစ်ကတော့ သားကြီးလုပ်သူက နန်းကိုဆက်ခံခွင့်ရှိတယ်။ သားတွေအများကြီးရှိရင် ကြီးစဉ်ငယ်လိုက်တန်းစီထားတယ်။ လက်ရှိ ဘုရင် မကြီး အဲလ်လိဇဘတ် ကွယ်လွန်ခဲ့ရင် သူ့ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ချားလ်စ်က နန်းတက်မှာ ဖြစ်တယ်။ ချားလ်စ်ပြီးရင် ဝီလျံမင်းသားက နန်းတက်မှာဖြစ်ပြီး ဝီလျံပြီးရင် သားကြီးဖြစ်တဲ့ ဂျော့ကဆက်ခံမှာဖြစ်တယ်။ အဘွားကနေမြစ်အထိ နန်းဆက်ကို အစီအစဉ်ဆွဲထားတယ်။ ကျွန်တော် တို့နိုင်ငံမှာတော့ ဒီလိုမဖြစ်ခဲ့ဘူး။ ဘုရင်မင်းမြတ် မင်းတုန်းမင်းမှာ သားကြီးတွေ အများကြီးရှိပေမယ့် နန်းဆက်ကို သားငယ်တစ်ဦးဖြစ်တဲ့ သီပေါမင်းသားက ဆက်ခံခဲ့တယ်။

ဒါကြောင့် မိသားစု စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ငန်းကိုဆက်လက်ပြီးတာဝန်ယူမယ့် သူတွေကို ပွင့်လင်းမြင်သာစွာ သတ်မှတ်ပေးဖို့ လိုအပ်ပါ တယ်။ တစ်ခုတော့ရှိပါတယ်။ အခုလိုတာဝန်ပေးရာ မှာ အောက်ခြေမှစတင်ပြီး အလုပ်တွေနားလည်အောင် အတွေ့အကြုံရအောင် စီစဉ်သင့်တယ်။

လုပ်ငန်းအကြောင်းမသိတဲ့ အတွေ့အကြုံမရှိတဲ့သူတွေကို လုပ်ငန်းဦးစီးဖို့ တာဝန်ပေးလိုက်ရင် မလိုအပ်တဲ့ အခက်အခဲတွေ ကြုံနိုင်ပါတယ်။ ကျွမ်းကျင်မှုမရှိတာမို့ လုပ်ငန်းအတွက် နစ်နာနိုင် မှာ ဖြစ်တယ်။ မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါမှုကို ကမ္ဘာ့ဘဏ်ကအသိအမှတ်ပြုပြီး စီမံအုပ်ချုပ်မှုဆိုင်ရာ လေ့ကျင့်သင်တန်းများကို ပေးလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း အခွင့်အရေးရတိုင်း သက်ဆိုင်တဲ့ သင်တန်းတွေကိုပေး လျက်ရှိပါတယ်။ သင်တန်းပေးရုံမက အသိပညာ တွေပေးနေပါတယ်။

အခုဆိုရင် နိုင်ငံရေးပြောင်းလဲမှုတွေကြောင့် စီးပွားရေးအခြေအနေတွေဟာလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလိုပြောင်းတဲ့နေရာမှာ စီမံကိန်း တွေကို ရေးဆွဲရုံမက အခြေခံဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုချင်းရဲ့ တိုးတက်အောင်မြင်မှုကိုလည်း အာရုံစိုက်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် လည်း မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေ ကြီးထွားအောင်မြင်နိုင်စေဖို့ ဝိုင်းဝန်းအားပေးကြရမှာသာ ဖြစ်ပါတယ်။

အမိန့်ကြော်ငြာစာ ၂၆/၂၀၁၆

28-3-2016

အမိန့်ကြော်ငြာစာ ၂၆/၂၀၁၆

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှဆောင်ရွက်ခွင့်ပြုသည့် 
စီးပွားရေးလုပ်ငန်းအမျိုးစားများ ပြင်ဆင်သတ်မှတ်ခြင်း

အမိန့်ကြော်ငြာစာ ၂၆/၂၀၁၆

စီးပွားကူသန်းပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ရန်ကုန်တိုင်း စီမံဝန်ကြီး ဦးမြင့်သောင်း UMFCCI ဥက္ကဌ ဦးဝင်းအောင် ဌာနဆိုင်ရာအကြီးအကဲများ နှင့် လုပ်ငန်းရှင်များ စုံညီအစည်းဝေး သို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး

23-4-2016

စီးပွားကူသန်းပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ရန်ကုန်တိုင်း စီမံဝန်ကြီး ဦးမြင့်သောင်း UMFCCI ဥက္ကဌ ဦးဝင်းအောင် ဌာနဆိုင်ရာအကြီးအကဲများ နှင့် လုပ်ငန်းရှင်များ စုံညီအစည်းဝေး သို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး

စီးပွားကူသန်းပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ရန်ကုန်တိုင်း စီမံဝန်ကြီး ဦးမြင့်သောင်း UMFCCI ဥက္ကဌ
ဦးဝင်းအောင် ဌာနဆိုင်ရာအကြီးအကဲများ နှင့် လုပ်ငန်းရှင်များ 
စုံညီအစည်းဝေး သို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြစဉ်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး) အမှုဆောင်စုံညီ အစည်းဝေး ကို ၆-၅-၂၀၁၆ နေ့လည် ၁ နာရီ မှ ၃ နာရီထိ အသင်းအစည်းဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့

6-5-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး) အမှုဆောင်စုံညီ အစည်းဝေး ကို ၆-၅-၂၀၁၆ နေ့လည် ၁ နာရီ မှ ၃ နာရီထိ အသင်းအစည်းဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး) အမှုဆောင်စုံညီ အစည်းဝေး ကို ၆-၅-၂၀၁၆ နေ့လည် ၁ နာရီ မှ ၃ နာရီထိ အသင်းအစည်းဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်

Retail Expo 2017 တွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် UMFCCI တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့် , မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းချုပ် ဒုဥက္ကဌ ဦးမျိုးမင်းအောင် နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများ( မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ,ဒုဥက္ကဌများ , အထွေထေ

7-5-2016

Retail Expo 2017 တွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် UMFCCI တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့် , မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းချုပ် ဒုဥက္ကဌ ဦးမျိုးမင်းအောင် နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများ( မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ,ဒုဥက္ကဌများ , အထွေထေ

Retail Expo 2017 တွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် UMFCCI တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့် , မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းချုပ် ဒုဥက္ကဌ ဦးမျိုးမင်းအောင် နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများ( မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ,ဒုဥက္ကဌများ , အထွေထွေအတွင်းရေးမှူး , ဘဏ္ဍာရေးမှူးတို့၆-၅-၂၀၁၆ ညနေ ပိုင်းတွင် မန္တလေးမြို့ ၌ တွေ့ဆုံဆွေးနွေးကျစဉ်

၁၃-၅-၂၀၁၆ တွင် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး)နှင့် AAT Business Park ( Teacher Daw Aye Aye Thant ) တို့ ပူးပေါင်း ပြုလုပ်သည့် People & Productivity သင်တန်း

10-5-2016

၁၃-၅-၂၀၁၆ တွင် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး)နှင့် AAT Business Park ( Teacher Daw Aye Aye Thant ) တို့ ပူးပေါင်း ပြုလုပ်သည့် People & Productivity သင်တန်း

၁၃-၅-၂၀၁၆ တွင် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး)နှင့် AAT Business Park ( Teacher Daw Aye Aye Thant ) တို့ ပူးပေါင်း ပြုလုပ်သည့် People & Productivity သင်တန်း 
■ ဝန်ထမ်းရေးရာဆိုတာထက်သာလွန်တဲ့ အလုပ်ဖြစ်မြောက်မှုမှာပိုပြီးထိရောက်တဲ့ ၊ လုပ်ငန်းအမြတ်တိုးတက်စေမယ့်
ခေတ်မီဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ် သင့်လုပ်ငန်းခွင်မှာ ရှိပြီလား ?

■ သင့်လုပ်ငန်းအတွက် အလုပ်ဖြစ်မယ့် အသင့်တော်ဆုံး ၀န်ထမ်းရေးရာ အစီအစဉ် (HR Policy & Plan) တစ်ခုထွက်သည်အထိ လက်တွေ့လိုက်လုပ်ရမည့် Workshop ပုံစံဖြင့် ပို့ချမည်။

■ သင်တန်းပြီးဆုံးသွားလျှင် ရရှိလာမည့် Plan အတိုင်းစီမံခန့်ခွဲသွားခြင်းဖြင့် အောက်ပါ အကျိုး ကျေးဇူးများကို ရရှိခံစားရပါမည်။

၁) လုပ်ငန်းခွင်မှာ အရင်က မရှိဖူးသေးသော ဖွဲ့စည်းပုံရှိသွားပြီး အလုပ်ခွင်နှင့်ဝန်ထမ်းများ စနစ်ကျသွားမည်။
၂) ဝန်ထမ်းတစ်ဦးချင်းစီက သူတို့ရဲ့အလုပ် တာဝန်များကို တိတိကျကျသေချာ သိသွားမည်။
၃) အလုပ်ရှင်ကိုယ်တိုင်က မိမိဝန်ထမ်းများ အချိတ်ဆက်မိမိအလုပ်လုပ်နိုင်ဖို့ ဘာတွေ
လုပ်ပေးရမလဲ၊ ဘယ်လိုစီမံရမလဲ၊ အမှန်တကယ် အလုပ်ဖြစ်နေခြင်းရှိ/မရှိကို ဘယ်လိုတိုင်းတာသိမြင်နိုင်မလဲ ဆိုတာတွေ သိသွားမည်။
၎) ရောင်းအား၊ ထုတ်လုပ်မှု၊ အမြတ်သိသာစွာ တိုးလာမည်။
၅) ကုန်ကျစရိတ်လျော့ကျသွားမည်။
၆) ပျက်စီးလေလွင့်ဆုံးရှုံးမှု လျော့ကျသွားမည်။
၇) ဖေါက်သည်များ အဆင်မပြေမှုများလည်း လျော့ကျသွားမည်။

သင်တန်းစမည့်ရက်-၁၃-၅-၂၀၁၆ ရက်

သင်တန်းချိန် - နေ့လည် ၁ နာရီ မှ ၃ နာရီ

နေရာ - AAT Business Park ( အမှတ် (၃၇၃) လမ်း ၈၀ ၃၈-၃၉ ကြား) မန္တလေးမြို့

သင်တန်းကြေး ( ၂၅၀၀၀၀ )

အသင်းဝင်မဟုတ် ပုံမှန် သင်တန်းကြေးသည် (၃၅၀၀၀၀) ဖြစ်သည်

သင်တန်း စာရင်းပေးရန် - 09256501630

၁၃-၅-၂၀၁၆ ရက်နေ့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး)နှင့် AAT Business Park ( Teacher Daw Aye Aye Thant ) တို့ ပူးပေါင်း ပြုလုပ်သည့် People & Productivity (ILO course) သင်တန်း ဖွင့်လှစ်ခြင်း

13-5-2016

၁၃-၅-၂၀၁၆ ရက်နေ့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး)နှင့် AAT Business Park ( Teacher Daw Aye Aye Thant ) တို့ ပူးပေါင်း ပြုလုပ်သည့် People & Productivity (ILO course) သင်တန်း ဖွင့်လှစ်ခြင်း

၁၃-၅-၂၀၁၆ ရက်နေ့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး)နှင့် AAT Business Park ( Teacher Daw Aye Aye Thant ) တို့ ပူးပေါင်း ပြုလုပ်သည့် People & Productivity (ILO course) သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို အသင်း၏ဒုဥက္ကဌ ဦးညွှန့်ဇော်မှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြား ပြီး ဆရာမကြီးဒေါ်အေးအေးသန့်မှ သင်တန်းရည်ရွယ်ချက် အကျိုးများကို ရှင်းလင်းပြောကြား၍ ဖွင့်ပွဲအခမ်းအနားသို့ အသင်းမှ တာဝန်ရှိ လူကြီးမင်းများ တက်ရောက်ခဲ့ပါသည်