မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၈ ကြိမ်မြောက် အစည်းအဝေး။[ဇွန်လ (၂၈)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၁၈ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို ဇွန်လ (၂၈)ရက်နေ့ ၂၀၁၄ခုနှစ် အင်္ဂါနေ့ နေ့လည် (၄:ဝဝ)နာရီတွင် City Mart Holding Group အစည်းဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းဝေးပွဲတွင် ဒုတိယ ဥက္ကဌ ဦးမျိုးမင်းအောင်က ၂၀၁၄ခုနှစ် ဇူလိုင်လ ၃ရက်နေ့ နေ့လည် (၁၃း၀၀) နာရီတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သော ပြည်ပမှတရားမ၀င် တင်သွင်းလာသည့် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ကို အခွန်အခများပေးဆောင်စေပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်စေ၍ ဈေးကွက်အတွင်း တရားဝင်ရောင်းချစေသည့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ တွင် ဆွေးနွေးခဲ့သည်များကို အလုပ်အမှုဆောင်များအား ပြန်လည်တင်ပြခြင်း နှင့် ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့ နေ့လည် (၁၀း၀၀) နာရီတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးမှ ဒုတိယဝန်ကြီး ဦးထင်အောင် ဦးဆောင်၍ အလုပ်အကိုင်နှင့် ကျွမ်းကျင်မူဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေ (မူကြမ်း) နှင့်ပတ်သတ်၍ အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့သည်များကို အလုပ်အမှုဆောင်များအားပြန်လည်တင်ပြခြင်းများပြုလုပ်ခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်း နှင့် တွဲဖက် အတွင်းရေးမှုး ဦးဇော်မင်းလတ် တို့က HIDA (The Overseas Human Resource and Industry Development Association) မှ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် Distribution Policy for Myanmar Training Program သို့ အသင်းသားများ တက်ရောက်နိုင်ရန်နှင့် တက်ရောက်မည့်သူများစိစစ်ရွေးချယ်နိုင်ရန် ဆွေးနွေးခြင်း နှင့် သင်္ယန်းကျွန်းမြို့နယ်ရှိ AKK Shopping Center မှ Center ရှိ ဆိုင်ခန်းများမှ လုပ်ငန်းအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရမူကို MMRA Members ကိုအောင်စည်ဖြိုး (O-Pa Faction) မှ အကူအညီတောင်း လာမူအပေါ် ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းTraining Center ထားရှိနိုင်ရန်အတွက် လက်ရှိဆောင်ရွက်နေသော Training Centerများနှင့်ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးခြင်း များအကြောင်းပြောကြားဆွေးနွေးခဲ့သည်။